Integrate Grafana with GitHub OAuth
Grafana ဆိုတာ data visualization တွေ monitoring တွေအတွက်သုံးတဲ့ open source project တစ်ခုပဲဖြစ်ပါတယ်။ UI ထဲကို login ဝင်ဖို့ဆို user account တွေကနေ ဝင်နိုင်သလို တစ်ခြား authentication methods တွေဖြစ်တဲ့ github , gitlab ကနေလည်းဝင်နိုင်ပါတယ်။ ဒီနေ့မှာ တော့ github oauth integration အကြောင်းကိုရေးပေးပါမယ်။
Registering an OAuth App on GitHub
ပထမဆုံးအနေနဲ့ github ouath app တစ်ခုကို create လုပ်ပေးရပါမယ်။ Developer Settings ထဲကနေ OAuth app မှာ အောက်ကလို မိမိတို့ရဲ့ grafana url နဲ့ callback url ကိုထည့်ပေးလိုက်ပါ။ ပီးရင်တော့ save လိုက်မယ်ဆိုရင် client_id နဲ့ client_secret ကိုရလာပါလိမ့်မယ်။
Update Helm Chart Values
ပြီးသွားရင်တော့ ရလာတဲ့ client_id နဲ့ client_secret ကို helm value ရဲ့ grafana.iniထဲမှာ update ပေးလိုက်ပါ။
grafana:
enabled: true
grafana.ini:
server:
root_url: https://mydomain.com
auth:
disable_login_form: false
disable_signout_menu: false
auth.github:
enabled: true
allow_sign_up: true
client_id: **************
client_secret: **********
scopes: user:email,read:org
auth_url: https://github.com/login/oauth/authorize
token_url: https://github.com/login/oauth/access_token
api_url: https://api.github.com/user
extraEnv: []
Configure Authentication in Grafana
helm chart update ပြီးသွားရင်တော့ grafana ထဲကို login ဝင်ပြီး Administration >> Users and Access >> Authentication အောက်မှာ github ထဲကိုဝင်ပြီး အောက်ကလို client_id နဲ့ client_secret ထည့်လေးလိုက်ရင်ရပါပြီ။
Login via Github
ခဏနေရင် grafana user ကနေ logout ပြန်ထွက်လိုက်ပါ။ ဒါဆိုရင်တော့ အောက်ပါအတိုင်း Sign in with Github ဆိုတာတွေ့ရမှာဖြစ်ပြီးမိမိတို့ရဲ့ github acc နဲ့ login ဝင်နိုင်ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။